လှိုင် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းသို့ မြို့နယ်အသီးသီးမှ ဝင်ရောက် လာသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသည့် မိမိတို့ မြို့နယ်အပါအဝင် မြို့နယ်များမှ ဝင်ရောက်လာမည့်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်ပါက ထပ်မံထားရှိဆောင်ရွက်သွားနိုင်ရန်အတွက် Quarantine Center အဖြစ် ကြိုတင်လျာထားသည့် အမှတ်(၅)ရပ်ကွက်ရှိ အမက(၂၆) လှိုင် ကျောင်း ဆောင်အား စုပေါင်း၍ မြက်ခြုံများ ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဆေးဖျန်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အပင်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သော ကြိုတင်ပြင် ဆင် ဆောင်ရွက်မှုများကို ယမန်နေ့ နံနက်ကစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ Quarantine Center ကြိုတင်စီမံဆောင်ရွက်ထား ခြင်းဖြင့် မြို့နယ်အတွင်း စောင့်ကြည့်လူနာများအား ကျန်းမာရေးစောင့်ရောက်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)