ဒေးဒရဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ  စက်တင်ဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ် စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်းက မဲဆွယ် စည်းရုံးရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်စုလှိုင်ထွေးက ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ဆင့်ပွား သင်တန်းများ ဖွင့်လှစ်မည့် အစီအစဉ်အား ယာယီရပ်ဆိုင်းထားမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များအား သိရှိလိုသည်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)