ခန္တီး စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါ်မိုင်းအုပ်စု သာစည်ရပ်ကွက်တွင် ကိုဗစ်-၁၉ ကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်သရုပ်ပြခြင်းကို တောင်သူ ဦးစံကျော်ဝင်း၏ ကွင်းအမှတ် (၄) တွင် ယနေ့နံနက်က စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
ခန္တီးမြို့နယ်တွင် COVID-19 Economic Relief Programme ကုစားမှုအစီအစဉ်အရ တောင်သူ (၁၇) ဦးထံတွင် ဆင်းဧကရီ (၃) မျိုးစေ့ထုတ် ၃၅ ဧကစိုက်ပျိုးထားပြီး မျိုးကွဲပယ် သရုပ်ပြခြင်းကို တောင်သူဦးကျော်စံဝင်း၏ ဦးပိုင်အမှတ်(၂၀) စိုက်ဧက (၃) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)