တံတားဦးမြို့နယ် လိန်ကုန်းကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားလမ်းမှ ဂျင်းလမ်းခင်းခြင်းအဆင့်မြှင်တင် ဆောင်ရွက်

တံတားဦး စက်တင်ဘာ 

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူများကိုယ်တိုင် ဆောင်ရွက်သည့် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လိန်ကုန်းကျေးရွာအုပ်စု လိန်ကုန်းကျေးရွာ အတွင်းလမ်းအား မြေသားလမ်းမှ ဂျင်းလမ်းခင်းခြင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

အဆိုပါလမ်း အဆင့်မြှင်တင်ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့်ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကော်မတီဝင်များပါဝင်ပြီး လမ်းအရှည် ၁၅၀၀ ပေ အကျယ် ၁၂ ပေ အမြင့် ၆ လက်မ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ခွင့်ပြုငွေကျပ် (၁၀သန်းဖြစ်ပြီး ကျေးရွာတွင် အိမ်ထောင်စု (၅၂စုနှင့်  လူဦးရေပေါင်း (၂၂၁ဦးရှိပါကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ- ဦးရန်အောင် ထံမှသိရသည်

တံတားဦးမြို့နယ်အနေဖြင့် Cash for Work စီမံကိန်းကျေးရွာ (၁၀ရွာ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာမတည် ရန်ပုံ ငွေ (VRFP) စီမံကိန်းကျေးရွာ (ရွာဖြစ်ကြောင်း အဆိုပါစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုသည် သုံးလအတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း Cash for Work စီမံကိန်းသည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့် ပြည်သူများအား လုပ်အားခများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးမှ ပြောကြားသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)