ခါမ်းပါတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

ခါမ်းပါတ်  စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စက်တင်ဘာလ ( ၄ ) ရက်နေ့မှ စတင်ကာ မြို့အဝင်တွင်  ကျန်းမာရေးစစ်ဆေးရေးဂိတ်များ  ပြန်လည်ဖွင့်လှစ်  ဆောင်ရွက်လက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှု ပိုမိုများပြားလာသည်နှင့်အမျှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးဌာမှ ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုယ် အပူချိန် တိုင်းတာခြင်းနှင့် ခရီးသွားရာဇဝင် မေးမြန်းမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ခါမ်းပါတ်မြို့တွင် ပြည်ပပြန်များကို အမှတ်(၄) ရပ်ကွက် Quarantine စခန်းတွင်ထားရှိပြီး လက်ရှိအချိန်တွင်မူ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ် (၇) မြို့နယ်နှင့် ရခိုင်မှ လာရောက် သူများကိုပါ Quarantine ထားရှိသွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သားငယ်(ပြန်/ဆက်)