သန်လျင် စက်တင်ဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အမိုးနီသုသာန် ဘက်စုံပြုပြင်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အလှူရှင်များက ယမန်နေ့ နံနက်တွင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းသို့လှူဒါန်းရာတွင် သန်လျင်မြို့ ဖို့မြေလမ်းနေ ဦးအောင်သန်းဦး (ဥက္ကဋ္ဌမြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း) + ဒေါ်အေးမြင့်မိသားစုက အလှူငွေကျပ်(၁၀)သိန်း၊ သန်လျင်မြို့ ထန်းပင်ကုန်း (၂)လမ်းနေ ဦးရန်နိုင်ရွှေ+ဒေါ်ခင်မျိုးအေး မိသားစုက လှူဒါန်းငွေကျပ်(၁)သိန်း၊ သန်လျင်မြို့ မြို့မတောင် ပတ္တမြားလမ်းနေ ဦးအောင်သိန်း+ဒေါ်စန်းစန်းအေး (သား) သန့်စင်အောင် ''စစ်သူ'' စတီးလုပ်ငန်းက လှူဒါန်းငွေကျပ်(၅)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ အမိုးနီသုသာန် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင် များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
သန်လျင်မြို့ အမိုးနီသုသာန်ကြီးသည် နာရေးရှင်များ ကိစ္စရပ်များအား (၂၄)နာရီ ဝန်ဆောင်မှုပေး လျက်ရှိပြီး နောက်ဆုံးခရီးတွင် အပူသောကကင်းဝေးစေရန် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိရာ အလှူရှင်များအနေဖြင့် ဖုန်း 09785157116 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။
သန်းဝင်း(သန်လျင်)