ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးပြန်လည်ကုစားမှုအစီအစဉ်အရ ငါးသားပေါက်များ အခမဲ့ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ စီးပွားရေးပြန်လည်ကုစားမှု အစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့ခြင်းကို စက်တင်ဘာလ ၈ရက် နံနက် ၉နာရီက ကျုံတနော်အရှေ့ကျေးရွာအုပ်စုရှိ ငါးမွေးတောင်သူများထံသို့ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။