တန့်ဆည်မြို့နယ်၌ Cash for Work စီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော လမ်းဘေးရေမြောင်း အုတ်စီခြင်းနှင့် မြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တန့်ဆည်   စက်တင်ဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ Cash for Work စီမံကိန်း ရန်ပုံငွေ ဖြင့် တပိုးကျေးရွာအုပ်စု၊ နှမ်းခင်းကြီးကျေးရွာ၌ လမ်းဘေးရေမြောင်းအုတ်စီခြင်းနှင့် မြေသားရေ မြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ယနေ့ နံနက်  ၉ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါလမ်းဘေးရေမြောင်းအုတ်စီခြင်းနှင့် မြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်း အရှည် (၂၃၁၀)ပေ၊ အကျယ်(၉)လက်မ၊ အမြင့်(၂)ပေ ရှိပြီး Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၉)သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်း ကျေး လက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်း ဝင်ငွေရရှိစေကာ ကျေးရွာအခြေခံအဆောက်အဦများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာရှိ ပြည်သူများကိုပင် တစ်နေ့လုပ်အားခ ရိုးရိုးလုပ်သားတစ်ဦးလျှင် ငွေကျပ်(၆၀၀၀)၊ ကျွမ်းကျင်လုပ်သား တစ်ဦးလျှင် ငွေကျပ်(၉၀၀၀)နှုန်း သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)