ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ထန်းတပင်(ပဲခူး) စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာတွင် စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၃)လုံးအတွက် ငွေကျပ်(၁၇၇၃၀၀/) တိတိကို တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲသူဟန်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က လေဘေးသင့် အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)