လောပိတမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်
ကယားပြည်နယ် ၊ လောပိတမြို့အတွင်းသို့ ဝင်/ထွက် သွားလာသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့် အနေဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ လောပိတမြို့၊ လောကထု ကွက်သစ်ရပ်ကွက် ၊ (၁၀)မိုင်ဂိတ်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။