မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာ၌ စံကိုက်ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦများ တည်ဆောက်နေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စု၊ တာဆန်းကျေးရွာ(သံလွင်မြစ်ဘေး)၏ စံကိုက် ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦများ တည်ဆောက်နေမှုအခြေအနေအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ ညနေ (၅) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ သမဝါယမအသင်းသားများအား “စုဆောင်းပေါ်အတိုးရငွေ”များပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်းရှိ သမဝါယမအသင်းသားများအား စုဆောင်းပေါ် အတိုးရငွေများ အားပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်ကကျေးရွာ များသို့ကွင်း ဆင်းပေးလျက်ရှိ ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Quarantine Center ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍  

ဘုတ်ပြင်းမြို့နယ်အတွင်း မသန်စွမ်းသူ(၂၉၇)ဦးအား ထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့တွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေအပ်ခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် အုတ်ရေမြောင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်း များအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်အောင် အုတ်ရေမြောင်း ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှု မရှိစေရန် ခိုင်လုံမဲ ၊ ပယ်မဲ နမူနာပုံစံများ ရွေးကောက်ပွဲပြီးသည့်နေ့ထိ ကပ်ထားပေးမည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှု မရှိစေရန် ခိုင်လုံမဲ၊ ပယ်မဲ နမူနာပုံစံများကို ယမန်နေ့ နံနက် ၉ နာရီက ကပ်ထားပေးကြောင်း သိရသည်။

သာယာဝတီမြို့၌ ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊   သာယာဝတီခရိုင်၊   သာယာဝတီမြို့၌   ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့်လှစ်ပို့ချခြင်း ကို ယနေ့ နံနက်(၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေး ခန်းမ တွင်ကျင်းပသည်။

မိုင်းဖြတ်၌ ကိုဗစ်-၁၉ စောင့်ကြည့်လူနာ လေးဦးတို့၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့အား ပေးပို့ စစ်ဆေးထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာ လေးဦး၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၂ နာရီက ရယူခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေး ထား ကြောင်းသိရသည်။

မြစ်သား၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေး

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to