အရာတော် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ဆရာစံခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာ အုပ်စုရွေကောက်ပွဲကော်မရှင်အဖွဲခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွား သင်တန်းပို့ချသင်ကြားခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးတင့်ဆွေက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လူဦးရေစာရင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ငန်းလမ်းညွန်များ ရှင်းလင်း ပို့ချပေးကြကြောင်းသိရသည်။
သူရ(ပြန်/ဆက်)