တနိုင်းမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပေးကြေညာခြင်း များအား အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ပြန့်နှံ့မှု မရှိစေရေးနှင့် အချိန်မိထိန်းချုပ်နိုင်ရေးတို့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ကြေညာခြင်းများကို ယမန်နေ့ည ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လမ်းဆုံလမ်းခွ နေရာများတွင် အသံချဲ့စက်များ၊ Hand Speaker များဖြင့် သက်ဆိုင်ရာ တာရှိသူများမှ လိုက်လံအသိပေး ကြေညာခဲ့သည်။

ပေါင်းတည်မြို့တွင် အပြင်ထွက်သူတိုင်း Maskမဖြစ်မနေ တတ်ဆင်ကြရေးအတွက် ရည်ရွယ်၍ မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူရှင်များက လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ် Mask မတပ်ဆင်သူများ ဖမ်းဆီးကြီးကြပ်ရေးအဖွဲ့ တာဝန်ခံ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးနိုင်ဝင်းသိန်းနှင့် အဖွဲ့ဝင်များက အိမ်မှအပြင်ထွက်တိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေ တပ်ဆင်ကြရေးအတွက် စိစစ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ

သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေး အသိပညာပေး အလင်းတန်း လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီက တာဝန်ခံထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး

ကိုဗစ်ကာလ နေအိမ်ပြင်ပ ထွက်ခွာသူများနှာခေါင်းစည်း Mask တပ်၍ သွားလာလျက်ရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉အတည်ပြု ပိုးတွေ့လူနာများ ရှိနေခြင်းကြောင့် အများပြည်သူသွားရာ လမ်းများပေါ်တွင် ပြည်သူများနှာခေါင်းစည်း Mask များ တပ်ဆင်သွားလာလျက်ရှိသည်ကို တွေ့ရသည်။

ကျိုက်လတ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပျံ့နှံမှုမရှိစေရေးအတွက် မြို့နယ်အတွင်း ရောင်းချနေသော ဈေးများအား အသိပညာပေး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် ယနေ့နံနက် ၇ နာရီခန့်ကစ၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပြန့်နှံမှုမရှိစေရေးအတွက် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးများအား ပညာပေး စစ်ဆေး ခဲ့ကြသည်။

မင်းဘူးမြို့တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက လမ်းဆုံများ၊ စျေးများနှင့် လူအများသွားလာနေသော နေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

အင်္ဂပူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်

အင်္ဂပူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပေါင်းတည်မြိုနယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် လိုက်လံစစ်ဆေး

 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား  ကျန်းမာရေးဝန်ကြီးဌာန၏

ကြံခင်းမြို့တွင် ဟင်္သာတခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ က ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား သင်တန်းပို့ချ

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဟင်္သာတခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကို ယမန်နေ့မွန်လွဲပိုင်းက ကြံခင်းမြို့ (အ-မ-က) အင်းလပ်ကျောင်း စာသင်ခန်းတွင် သင်တန်း ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ်ပြည်သူ့ဝန်‌ဆောင်မှုရုံး(OSS)၌ ယမန်နေ့ မွန်းလွဲပိုင်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များနှင့် နိုင်ငံရေး ပါတီများက ပြုလုပ်သည်။
Subscribe to