ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၏ လမ်း ညွှန်မှုဖြင့် မြို့နယ် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် ပေါင်းစပ် အကောင်အထည်ဖော်လျက် ရှိသော အင်းစိန်စက်မှုလက်မှုသိပ္ပံ(GTI)ကျောင်းရှေ့ မျက်နှာစာ သာယာလှပစေရေးအတွက် ဂျပန် မြက်စိုက်ခြင်း၊ ပန်းအလှပင်စိုက်ခြင်း၊ မြက်ပင်များကြား အလေ့ကျ ပေါက်ပင်များအား ရှင်းလင်းခြင်းနှင့် မြို့နယ်အတွင်း မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများအား ခုတ်ထွင်ရှင်လင်းခဲ့ကြသည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)