ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဂန့်ဂေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ပြစ်မကျေးရွာနှင့် လယ်မကျေးရွာတို့တွင် အသိပေးနှိုးဆော်ခဲ့ကြသည်။