ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအား ကွန်ဟိန်းတံတား ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ယနေ့ နံနက် (၈:၀၀) နာရီ အချိန်ခန့်က စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။