ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချောင်းဆုံ စက်တင်ဘာ   ၁၆

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ် ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး  လုပ်ငန်းကော်မတီများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအသီးသီးရှိလူမှု ကယ်ဆယ်ရေး အသင်းအဖွဲ့ ဝင်များ တက်ရောက်ကြကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက အဆိုပါရောဂါနှင့် ပတ်သက်ပြီး ခရီးသွားလာမှုကိုအထူး ကြပ်မတ်စစ်ဆေးရန်လိုအပ် ကြောင်း၊ မိမိတို့အုပ်ချုပ်ရေးအပိုင်းအနေနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များအား ကျေးရွာသို့ မြို့နယ်ပြင်ပ အဝင်အထွက် သွားလာမှုများကိုစောင့်ကြည့်သတင်းပေးရန်လိုအပ်ကြောင်းကို မှာကြားထားပြီးဖြစ်ကြောင်း ယခုဆိုလျှင် မွန်ပြည်နယ်တွင် ရောဂါပြန့်ပွားမှု နေ့စဉ်တိုးနေသည့်အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့အဝင်တံတားထိပ်တွင် စစ်ဆေးရေးဂိတ်အဖြင့် စစ်ဆေးဆောင်ရွက်မှုတွင်လည်း တာဝန်ကျဝန်ထမ်းဌာနမှ ပရဟိတ အဖွဲ့နှင့်ပူးပေါင်းပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ချောင်းဆုံမြို့နယ်ရှိဌာနဆိုင်ရာ များမှလည်း မွန်ပြည်နယ် (၁၀)မြို့နယ်အဆောင်တွင် (CBFQ) စခန်းအသွားအလာ ကန့်သတ်စောင့်ကြည့်မှုနေရာတွင် အလှည့်ကျ တာဝန် ယူပြီး ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယခုလို အစီအမံဆောင်ရွက်ခြင်းမိမိမြို့နယ်ရှိ ပြည်သူ များအတွက်သာမက ပြည်နယ်တစ်ခုလုံးအတွက်ပါ ရောဂါ ကာကွယ်ထိန်းချုပ်သွားနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)