ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်း တောင်သူများ စိုက်ပျိုးရေး အဆင်ပြေစေရေး ကျိုးပေါက်သွားသော ရေပေးမြောင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ ဆည်ရေပေးဝေလျက်ရှိသော တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ

အရပ်ရပ်အခွင့်ရေး လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးစနစ်ဖြင့် ရောင်းချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်ရေးလုပ်ငန်း လိုင်စင်များ သက်တမ်းတိုး စနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်စည်ပင် သာယာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံအတွင်းသို့ ငါးသားပေါက် ကောင်ရေ (၂၅၀၀၀၀) စိုက်ထည့်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသအတွင်းငါးရိက္ခာဖူလုံစေရေး၊ ငါးသယံ ဇာတ ပေါကြွယ်၀စေရေးနှင့် စပါးစိုက်တောင်သူများအနေဖြင့် ငါးနှင့်စပါးပူးတွဲရရှိစေရန် ရည်ရွယ်၍ မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်း ရေလှောင်တမံနှင့် ရင်းရှည်ရေ လှောင်တမံအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀) စိုက်ထည့်ခြင်း ကို ယမန်နေ့က အဆိုပါ တမံများတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထီးလင်းမြို့နယ်၌ ညမထွက်ရန် အမိန့် ထုတ်ပြန်ကြေညာ

ကိုဗစ်-၁၉ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွား လျက်ရှိသဖြင့် အဆိုပါ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ၂၀၂၀ ပြည့်နှစ်

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား အသိပညာပေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask (၂)ခုကို ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း လုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ် ကုသနိုင်ရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီအချိန်၌ လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ကယားပိုင်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့မစျေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ မြို့မဈေးကြီးအတွင်းတွင် ရောဂါပိုးများ ပေါက်ဖွား ကူးစက်မှု မရှိစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး အနေဖြင့် ယနေ့ နံနက် ၁၀နာရီတွင် နမ့်စန်မြို့မစျေး အတွင်းနှင့် အပြင်ဘက်တို့အား တပ်မတော်သားများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ပိုးသတ်ဆေးရည်များ ပက်ဖျန်းခဲ့ကြကြောင်း သိရ သည်။

လေရှီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့်

ပင်းတယမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့ အလှူရှင်များမှ လာ‌ရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီ ထောက်ပံ့ရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေး ရန်နှင့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး အလှူရှင်များက ယမန်နေ့နေလယ်ပိုင်းက နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေမှု စသည့် စံ(၅)ချက်နှင့် အညီ ကကျင်းပနိုင်ရေး ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Subscribe to