တာမွေမြို့နယ်တွင် Lock Down အသွားအလာကန့်သတ်နေထိုင်သူ အိမ်ထောင်စုများအား (Team KG) မှ အစားအသောက်နှင့် ရေသန့်ဘူးများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ဖြစ်ပေါ်နေခဲ့ရာ အဆိုပါပိုးတွေ့လူနာ များနှင့် ထိတွေ့ဆက်ဆံမှုရှိခဲ့ သူများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ် စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မိမိတို့ နေအိမ်များတွင် Lock Down အသွားအလာကန့်သတ်ထားရှိ ဆောင်ရွက်လျက်ရှိသည်။

ခရမ်းမြို့အဝင် အထွက်စစ်ဆေး‌ရေးဂိတ်တွင် အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့ အဝင်အထွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်စစ်ဆေးခြင်းဖြင့် ခရမ်းမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား နေ့စဉ်ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ခရမ်းမြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ (မြိုနယ်အုပ်ချုပ်ရေးမှူး) ဦးမင်းဆန်းထွန်းထံမှ သိရသည်။

လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်မှု အနေဖြင့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ်ဖြင့်သာ‌ ရောင်းချကြရန် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လိုက်လံ အသိပေးနှိုးဆော်‌ လျက်ရှိ‌‌ကြောင်း သိရသည်။

ဖလမ်း၌ ပြည်ပမှ ပြန်လာသူ(၁၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့် Facility Quarantine (၁၄)ရက် ပြည့်သူ (၇)ဦးအား နေအိမ်သို့ ပြန်လည်စေလွှတ်

ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပမှပြန်လာသူ(၁၃)ဦး၏ နှာခေါင်း နှင့် အာခေါင်တို့ပတ်(Swab )ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခြင်းမရှိကြောင်းသိရသည်။

ဇလွန်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နေ့/ည မပြတ် စစ်ဆေးမှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ် နိုင်ရေးတို့အတွက် နေ့ / ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ခဲ့ရာမှ ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ

ပလက်ဝမြို့၌ စက်သုံးဆီ(ဒီဇယ်ဆီ) ပြတ်လပ်မှုကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု (၄)ရက်ကြာ ယာယီဖြတ်တောက်ခဲ့ ရာမှ ယမန်နေ့ညမှစ၍ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ ပါဆယ်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ

မိုးညိုမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င် များအား ရွေးကောက်ပွဲဆိုင်ရာ  စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အ.ထ.က(မိုးညို)၊တံခွန်ဆောင်တွင် သင်တန်းပို့ချခဲ့သည်။

စေတုတ္တရာမြို့နယ် ဘူးကျေးရွာ မျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်ခြင်းနှင့် မြေဩဇာကျွေးခြင်း လုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ အား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက ဘူးကျေးရွာအုပ်စုရှိ ဧရာမင်းစပါး မျိုးစေ့ထုတ် စိုက်ခင်းဧက(၄၀)တွင် မျိုးကွဲ နုတ်ပယ်ခြင်းနှင့်မြေဩဇာ ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to