အင်းစိန်မြို့နယ် စက်မှုလက်မှုသိပ္ပံ(GTI) Quarantine Center တွင် သန့်ရှင်းရေး ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ    ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ Positive လူနာ နှင့် ထိတွေ့မှုရှိသူများကို အနီးကပ်စောင့်ကြပ်ကြည့်ရှုမှု ပြုလုပ်နိုင်ရန် အင်းစိန်မြို့နယ်၊ စက်မှုလက်မှု သိပ္ပံ(GTI) Quarantine Center တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က သန့်ရှင်းရေး ဆောင်ရွက်ခဲ့ သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ Positive လူနာနှင့် ထိတွေ့မှုရှိသူ များကို အနီးကပ်စောင့်ကြပ်ကြည့်ရှုမှု ပြုလုပ်သွားနိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် ဦးစီးမှူး ဦးရန်နိုင်ဖြိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ပရဟိတအဖွဲ့များနှင့် တာဝန်ရှိသူ များက (၈)ယောက်စီဖြင့် (၁၂)ခန်းနှင့် (၄)ယောက်စီဖြင့် (၁၂)ခန်းတို့ကို ကြိုတင် ပြင်ဆင် သန့်ရှင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)