မိုင်းဆတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ယမန်နေ့ ရက်စွဲဖြင့် ညမထွက်ရ အမိန့်အား ထုတ်ပြန်ကြေညာ လိုက် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ(၁၅) ရက်နေ့မှ စတင်၍ ဒေသခံပြည်သူများ အနေဖြင့် နေ့စဉ် ည(၁၂)နာရီမှ နောက် တစ်နေ့နံနက် (၄)နာရီ အထိ ညမထွက်ရန်နှင့် အရေးပေါ် ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညမထွက်ရအမိန့်သည် အများပြည်သူ အကျိုးအတွက် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ပြီး တိကျစွာ လိုက်နာကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပြီး ညမထွက်ရ အမိန့်အား ထုတ်ပြန်သည့်နေ့မှစ၍ (၂)လ အတည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
မြင့်မောင် (ပြန်/ဆက်)