ရွာသစ်မြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ရွာသစ် စက်တင်ဘာ ၁၆


ကယားပြည်နယ်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ကို ယနေ့နံနက်ပိုင်းက စတုမာလာဓမ္မာရုံ၌ ဖွင့်လှစ်ကြောင်း သိရ သည်။
ရှေးဦးစွာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဦးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကို လွတ်လပ်မျှတမှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်းကျစေမှု၊ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ စသည်များကို အဖွင့် အမှာစကားပြောကြားခဲ့သည်။ 
ဆက်လက်၍ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးမှ မဲဆန္ဒနယ် ပြင်ပ ရောက်နေသူများ ကြိုတင်မဲပေးခြင်း၊ မဲပေးရန် ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲနေ့၌ မဲရုံများကို ကြီးကြပ်ခြင်းနှင့်မဲရုံအတွင်းသို့၀င်ရောက်ခြင်း၊ဆန္ဒမဲရေတွက်ခြင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့ မလာရောက်နိုင်သူများ ကြိုတင်မဲပေးခြင်းကို လည်းကောင်း၊ မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဒေါ်ကော်ရက်တီမှ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ် ခန့်ထားခြင်း၊ ဆန္ဒမဲလက် မှတ်များထုတ်ပေးခြင်း၊ ရပ်ကွက်၊ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ၀င်များ လိုက်နာ ရမည့် ကျင့်၀တ်များ စသည်များကို အသီးသီးရှင်းလင်း ပြောကြားကြသည်။
အဆိုပါ သင်တန်းကို ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၀င် စုစုပေါင်း (၄၄) ဦး တက်ရောက်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တစ်ရက်လျှင်(၂၂)ဦးဖြင့် (၂)ရက် နှစ်သုတ်ခွဲ၍ ဆင့်ပွား သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 
နန်းဆွေဆွေအေး(ပြန်/ဆက်)