ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံမြို့တွင် ရွေးကောက် ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁) နာရီခွဲ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့တွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို Social Distancing နှင့်အညီ ယနေ့ နံနက် ၉ နာရီမှစ၍ ဖွင့်လှစ်ခဲ့သည်။

ထီးလင်းမြို့နယ်တွင် ကျေးရွာ (၁၇)ရွာ၌ မီးလင်းရေးလုပ်ငန်းဆောင်ရွက်၊ ကျေးရွာ(၆)ရွာ၌ မီးလင်းပြီဖြစ်

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါကျေးရွာ(၆)၌ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ပို့ချ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ် စိစစ်ချထားပေး

နောင်ချိုမြို့နယ် စည်ပင်သာယာရေးဌာန၏ သားသတ်လုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်အတွက် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်စနစ်ဖြင့် စိစစ်ချထားပေးခြင်းအခမ်းအနားကို နောင်ချိုမြို့နယ်ခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညမထွက်ရအမိန့်ထုတ်ပြန်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ ၁၂ ရက်နေ့မှစတင်၍ ည ၁၂နာရီမှ နောက်တစ်နေ့ နံနက် ၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ ထင်းဇင်ကျေးရွာအုပ်စု၊ ကမ္မကြီးကျေးရွာတွင် လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ် မည်ဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးရုံးမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက် နယ်မြေ(၃)၊ နယ်မြေ(၄)နှင့် နယ်မြေ(၅)တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များသည် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယ‌နေ့နံနက်(၈)နာရီမှစတင်၍ နေအိမ်တစ်အိမ်တက်ဆင်း နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

ရှားတောမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် ဆင့်ပွားသင်တန်း  ဆက်လက် ဖွင့်လှစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံး ပါတီစံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အခြေခံကျသောရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား

နတ်မောက်မြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး
Subscribe to