တောင်ဥက္ကလာပမြို့နယ်၌ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် ဓာတ်အားလိုင်း အသစ်များ လဲလှယ်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းများ ကောင်းမွန်စေရေးအတွက် ဓာတ်အားလိုင်းအသစ် လဲလှယ်တည်ဆောက်ခြင်း လုပ်ငန်းများကို မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည်။

ကလေးဝမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကျေးရွာ ၆ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအ စဉ်အရ Cash For Work စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀) ဖြင့် ဆောင် ရွက်နေသော ကျေးရွာ ၆ ရွာမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီ ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက် ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းမှ မဖြစ်မနေ နေအိမ်ပြင်ပထွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များဖြန့်ဝေ

စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းမှ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်လာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန် အဝတ်နှာခေါင်းစည်း (Mask) များ တပ်ဆင်နိုင်ရေးဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် အဝတ်နှာခေါင်းစည်း(Mask)များ တပ်ဆင်နိုင်ရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အရာတော်မြို့နယ်၌ ပင်ထောင်မြေပဲစိုက် တောင်သူများ စျေးကောင်းသော်လည်း မြေပဲ အထွက်နှုန်း နည်းပါးမှုနှင့် ကြုံတွေ့နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အတွင်းရှိ တောင်သူများသည်၊ ဆီထွက် သီးနှံဖြစ်သည့် အထွက်နှုန်းကောင်းသော ပင်ထောင်မြေပဲကို စိုက်ပျိုးကြရာ စျေးကောင်းသော်လည်း မိုးရွာသွန်းမှုနည်းသောကြောင့် မြေပဲအထွက်နှန်းလျှော့နည်း လျက်ရှိကြောင်း ပင်ထောင်မြေပဲစိုက် တောင်သူများထံမှ သိရသည်။

လသာမြို့နယ် စည်ပင်သာယာသန့်ရှင်းရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပ စေရေး ရှင်းလင်းဆောင်ရွက်နေကြသော သန့်ရှင်းရေးဝန်ထမ်းအား ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရေး အတွက် ယမန်နေ့ နံနက် (၉) နာရီက လမ်းတာဝန်ခံ ရုံးခန်းများတွင် စတင်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

ဘိုကလေး-ဖျာပုံကားလမ်းရှိ မစိမ်းတံတားအား ကြမ်းခင်းလဲလှယ်ပြုပြင် ဆောင်ရွက်မည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ မစိမ်းကျေးရွာအနီးရှိ ဖျာပုံ-ဘိုကလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၂)တွင် တည်ရှိသည့် အရှည်(၅၀)ပေ၊ ဘေလီသံဘောင် အမျိုးအစား မစိမ်းတံတားသည် အောက်ခံကြမ်းခင်းများ ပျက်စီးနေသဖြင့် ကြမ်းခင်းအစားထိုးခြင်း လုပ်ငန်းအား စက်တင်ဘာ (၁၇)ရက်နှင့် စက်တင်ဘာ(၁၈)ရက်တို့တွင် လူအသွားအလာ နည်းပါသည့် ည(၉)နာရီမှ နံနက်(၆)နာရီထိ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကူညီစောင့်ရှောက်ပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို သြဂုတ်လ ၁၆ရက်နေ့ ကိုဗစ်-၁၉ရောဂါပြည်တွင်းကူးစက်မှု ပြန်လည်စတင်ဖြစ်ပွားချိန်မှစ၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ၊ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိရေး ကာကွယ်ရေးလုပ်ငန်းများနှင့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိုပန်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေး ထောက်ပံ့မှု အစီအစဉ် (MCTT) အား သိရှိလိုက်နာရန် အသိပေးနှိုးဆော်

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေး ထုတ်ယူရာတွင် အကျိုးခံစားခွင့်ရှိသူများ သိရှိလိုက်နာရန် အချက်များအား (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးသက်နှင့် ဝန်ထမ်းများက ရွှေဝါ၊ ရုံးကုန်း ၊ မိန်းပန်း(၀) ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေ သော အလင်းတန်း လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော အလင်းတန်း လက်ကမ်းစာစောင်များကို မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်
Subscribe to