မရမ်းကုန်းမြို့နယ် Quarantine Centre သို့ စားသောက်ကုန်များ လာရောက်လှူဒါန်း
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ်ဆောင်ရွက်ထားရှိသည့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထက(၁)ကျောင်းရှိ Quarantine Center သို့ ယမန်နေ့နံနက် ၁၀:၀၀နာရီအချိန်က စားသောက်ကုန်များ လာရောက်လှူဒါန်းခဲ့ကြသည်။