လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စက်မှုဇုန်(၅) ကြက်သားအအေးခန်းလုပ်ငန်းစက်ရုံ မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရွှေရင်အေး ဘုရားလမ်း၊ စက်မှုဇုန်(၅)၊ မွေးမြူရေးဇုန် အမှတ်(၈၆)၊ ရွှေရင်အေးဘုရားလမ်းရှိ  ကြက်သား အအေးခန်း လုပ်ငန်းစက်ရုံတွင် ယနေ့နံနက် (၇) နာရီ မိနစ်(၅၀)ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်း က ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်တုန်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန် စီမံ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးနှင့် လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ပေး လျက်ရှိသည်။

ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လျာထားလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများတွင် သွားလာရေးအဆင်ပြေပြီး ကျေးလက်နေပြည်သူများ၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လျာထားလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မဘိမ်းမြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့ အမှတ်(၁)ရပ်ကွက် ဥယျာဉ်ချောင်လမ်းနှင့် အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်း ကွန်ကရစ် လမ်းခင်းခြင်း များ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဥယျာဉ်ချောင်လမ်းနှင့် အမှတ်(၃)ရပ်ကွက်ရှိ ကမ်းနားလမ်းကွန်ကရစ် လမ်းခင်းခြင်းများဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မင်းတပ်မြို့အတွင်း စားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေး မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် စျေးရောင်းချ သူများ တွေ့ဆုံဆွေးနွေး

မင်းတပ်မြို့အတွင်း စားသောက်ကုန်များ ပြတ်လပ်ခြင်းနှင့် စျေးနှုန်းမြင့်တက်ခြင်း မရှိစေရေးတို့အတွက် မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကုန်သည်ကြီးများ၊ စျေးရောင်းချသူများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့စည်ပင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)၌ ပင်စင်ထုတ်လစာများအား ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးမည်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)တွင် ကိုဗစ် (၁၉) ကာလအတွင်း ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများအား ပင်စင်စာအုပ်များတွင် ထုတ်ယူရန် သတ်မှတ်ပေးထားသည့် ရက်များအတိုင်း စက်တင်ဘာ ၂၃ ရက်နေ့မှစတင်ကာ ၂၅ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာမှ သိရသည်။

ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်​​ဆေး​ဆောင်ရွက်

ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်​ဆေး ဆောင်ရွက်ခြင်း၊ တပ်ဆင်မှုမရှိပါက နှာခေါင်းစည်း(mask) များကို ယခုဝယ်ယခုတပ်စနစ်ဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေး ဆောင်ရွက်မှုကို ယ​နေ့နံနက် ၇ နာရီက လူစည်ကားရာ​နေရာဖြစ်သည့် ပြည်-ရန်ကုန် လမ်းတည်ကုန်းတာလမ်းကားဂိတ်၊ ဘုရားနီးကားဂိတ်နှင့် ရွှေတောင် မြို့မစျေး လမ်းဆုံလမ်းခွတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။
Subscribe to