ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုး ဆော်ခြင်းများကို ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မကျည်းခင် ကျေးရွာနှင့် တောင်ပြင်ကျေးရွာတို့တွင် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ကော့ကရိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုဦးဆောင်၍ မြို့နယ် ကိုဗစ် - ၁၉ ကြီးကြပ်ရေး ကော်မတီ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သဟဇာတ လူငယ်အဖွဲ့များ၊ စေတနာ့ဝန်ထမ်းလူငယ်များပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သော နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများကို စနစ်တကျအသုံးပြုရေး၊ လက်သန့်ဆေးရည် များဖြန်းပေးခြင်းနှင့် အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ပြီးမှ သွားလာကြရန်၊ ရောဂါမကူးစက်အောင် ရှောင်ရန်/ ဆောင်ရန်များနှင့် ကိုဗစ် - ၁၉ အသိပညာပေးတေးသီးချင်းများဖွင့်လှစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့ ဘိုးဘွားရိပ်သာအတွင်းရှိ ဘိုးဘွားများအား ငွေကျပ်သုံးသောင်းစီ ထောက်ပံ့လှူဒါန်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဘိုးဘွားရိပ်သာအတွင်းရှိ အဘိုးအဘွားများအား ယမန်နေ့ ညနေ ၃ နာရီက ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီ ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများအား နေ့တွက် စရိတ်များထုတ်ပေး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စာရေး ဝန်ထမ်းများအား ရုံးပိတ်ရက်များအတွက် သီးခြားထောက်ပံ့ငွေပေးအပ်မှုကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ရန်ကုန်မြို့နယ်မှ ပြန်လာသူ အသက်လေးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၉ ဦး၏ နှာခေါင်း၊ အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာများ ရယူ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ရန်ကုန်မြို့နယ်မှ ပြန်လာသူ ၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၉ ဦး၏ နှာခေါင်း၊ အာခေါင်တို့ပတ်နမူနာများရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ မသန်စွမ်းသူများအား အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ (၅) ရွာမှ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်း က အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ပေး ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျသွားသည့် ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာ၏ ဘောလုံးကွင်း ပြန်လည်ပြုပြင်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ ၃၀၀၊ အနံပေ ၂၀၀ ရှိ မာလ်ဆောမ်ကျေးရွာဘောလုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျ ပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘောလုံးကွင်းပြုပြင်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။

ရိခေါ်ဒါရ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် တတိယအကြိမ်ထောက်ပံ့ငွေများကို စက်တင်ဘာ ၂၃ ရက်က ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နှစ်ခု၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဆိုင်များ အချိန်အကန့်အသတ်ဖြင့် ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေး

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးကြီးများနှင့် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ်ထား သည့် အချိန်အကန့်အသတ်ဖြင့် ရောင်းချနေမှု ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့များက လိုက်လံစစ် ဆေးခဲ့ကြောင်း သိရသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှာခေါင်းစည်း(Mask) အခုရေ (၇၀၀၀) ဖြန့်ဝေလှူဒါန်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယမန်‌နေ့က အမှတ်(၈၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ဟင်္သာတ)တပ်ဖွဲ့ဝင်များက အဆိုပါရုံးရှေ့တွင် လမ်းသွား/ လမ်းလာ ပြည်သူများကို နှာခေါင်း စည်း (Mask) များ အခမဲ့ဖြန့်ဝေလှူဒါန်းခဲ့သည်။
Subscribe to