ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများ အား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ချောက် စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာလစီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား ဒတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပခန်းငယ်ကျေးရွာ စိုက်ပျိုးရေးခြံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုး၀င်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မျိုးလင်းမှ အမှာစကားပြောကြားပြီး‌နောက်  စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းမှလည်း မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်-၁၉ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ  နိုင်ငံတော်က ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
"ချောက်မြို့နယ်အတွင်းဆောင်ရွက်မည့် ကိုဗစ်၁၉‌ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် အရ နိုင်ငံတော်ကထောက်ပံငွေကို ဩဂုတ်လ ၂၃ ရက်နေ့တွင် မျိုးစေ့ထုတ်ဧက (၁၅)ဧကအတွက် ပထမအကြိမ် အဖြစ်လည်းကောင်း၊  စက်တင်ဘာလ ၃ ရက်နေ့တွင်မျိုးစေ့ထုတ် ဧက (၃၄)ဧက အတွက် ဒုတိယအကြိမ် အဖြစ်လည်းကောင်း ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီက‌နေ့ကတော့ ပခန်းငယ်ကျေးရွာအုပ်စု၊ တောင်သူ (၁၈)ဦးအတွက် မနောသုခ(၃၈)ဧကနှင့်ဧရာမင်း(၃)ဧကစာစုစုပေါင်း(၄၁)ဧကစာအတွက် တတိယအကြိမ် အဖြစ်ထုတ်ပေးခြင်းဖြစ်ပါတယ်"ဟုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်း ပြောကြားချက်အရသိရသည်။
မချို(ပြန်/ဆက်)