လားရှိုးမြို့၌ ကျေးရွာများသို့အရောက် ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ခရိုင်ရုံး) လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန် က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် Community Based Facility Quarantine Center အတွက် ကြက်ဆီထမင်း(၂၁၀)ပွဲ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ကိုဗစ်−၁၉ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားလာသည့်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယ ရှိသူများ ကို Quarantine Center များတွင် ထားရှိခဲ့ပြီး Quarantine ဝင်ရောက်သူ ပြည်သူများ အနေဖြင့် အဆင်ပြေစွာ နေထိုင်စားသောက်ရေးအတွက် နေ့လည်စာ ကြက်ဆီ ထမင်း (၂၁၀) ပွဲကို ယနေ့ နံနက်(၁ဝ)နာရီတွင် သာသနာ့ဗိမာန်တော်ရှိ Quarantine Center သို့ လာရောက် လှူဒါန်း ခဲ့သည်။

ငရုပ်သီးပင်စိုက်ပျိုးသူ တောင်သူများ အမြတ်ငွေပိုမိုရရှိနိုင်

စားဖိုဆောင်သုံး ငရုပ်သီးပင်များ စီးပွားဖြစ် စိုက်ပျိုးလာကြခြင်းကြောင့်၊ စိုက်ပျိုးသူတောင်သူများမှာ ယခုအခါ ပုံမှန်ဝင်ငွေများရရှိလျက်ရှိကြောင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ငရုပ်သီး ပင်စိုက်ပျိုး လုပ်ကိုင်နေသူများထံမှသိရှိရသည်။

ရေးမြို့နယ်တွင် အပူပိုင်းမုန်တိုင်းနို(လ်)၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တောင်တရုတ်ပင်လယ်ပြင်မှ စတင်ဖြစ်ပွါးခဲ့သော အပူပိုင်း မုန်တိုင်း နို(လ်)သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ် သော်လည်း ၎င်း၏ အရှိန်ကြောင့် စက်တင်ဘာ (၁၉) ရက်နေ့ညက

မင်္ဂလာဒုံမြို့နယ် Community based Facility  Quarantine Centre တွင် Quarantine ထားရှိသူ (၁၃၄)ဦး၏ Swab နမူနာယူ၍ ဆေးသုတေသနဦးစီးဌာနဓာတ်ခွဲခန်းသို့ ပေးပို့ကာ စစ်ဆေး 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း Community based Facility  Quarantine Centre၌ Quarantine ထားရှိသူ (၁၃၄)ဦး၏ Swab နမူနာအား  ကျန်းမာရေး ဝန်ထမ်းများက ရယူခဲ့ပြီး ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲခန်းသို့  စစ်ဆေးရန် ပို့ဆောင်ထားကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ နေ့အလိုက် စနစ်တကျထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး စနစ်တကျ နေရာချထားပေးခြင်း၊ ရုံးအဝင်ပေါက်ဝ၌ လက်သန့် ဆေးရည်များဖြင့် လက်များ ဆေးကြောသန့်စင်စေခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးကြသည်။

ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ နေရပ်ပြန်လာသူ (၈) ဦးအား ထန်တလန်မြို့ မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ထားရှိ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင် လိုင်ပေါင်းလုံ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားပြည်သူများအား မိမိခရီးစတင် ထွက်ခွာလာသည့်​ ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်း ရယူခြင်းများနှင့် ခရီးသွားရာဇဝင် စိစစ်ခြင်းတို့ကို နေ့စဉ် ကြပ်မတ်ဆောင်ရွက် လျက်ရှိရာ ပြည်ပနိုင်ငံများနှင့်ပြည်တွင်းမှ နေရပ်ပြန်လာသူ (၈)ဦးတို့အား ထန်တလန်မြို့အမှတ် (၃ )ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Facility Quarantine (၂၁) ရက် ထားရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် အထက(၁)ကျောင်း၌ဖွင့်လှစ်ထားရှိသည့် Quarantine Centerသို့ PPEဝတ်စုံများ ၊ လက်အိတ်၊ Maskနှင့် ရေသန့်ကတ်များ လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ရပ်ကွက်ရှိ အထက(၁)ကျောင်း၌ ဖွင့်လှစ်ထားရှိသော Quarantine Center သို့ ယနေ့နံနက် ၉ နာရီအချိန်က PPEဝတ်စုံများ၊ လက်အိတ်၊ Maskနှင့် ရေသန့်ကတ်များ လာရောက်လှူဒါန်းခဲ့ကြသည်။

မြန်မာ့စီးပွား​ရေးဘဏ်ခွဲသို့ ပင်စင်လစာလာ​ရောက်ထုတ်ယူသူများကို နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်​ဝေ

မော်လမြိုင်ခရိုင် ကျိုက်မ​ရော မြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွား​ စေရေးအတွက် မြန့်မာ့စီးပွား​ရေးဘဏ်ခွဲတွင် ပင်စင်လာ​ရောက်ထုတ်ယူလျက်ရှိ​သော အငြိမ်းစား ဝန်ထမ်း ပင်စင်စားများအား နှာ​ခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်​ဝေ​ပေးခြင်းကို ယ​နေ့နံနက် ၉ နာရီခန့်က ကျိုက်မ​ရောမြို့ မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ ပြုလုပ်သည်။

မင်းဘူးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရန် အရေးပေါ် ကူညီကယ်ဆယ်ရေးဖွဲ့ အရန်သင့်ဖွဲ့စည်းထားရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မီးသတ်ဦးစီးမှူးရုံး ကွပ်ကွဲမှုအောက်ရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့များရှိ မြို့နယ်မီးသတ်ဦးစီးမှုးရုံးများအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးအပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်းစေရန်အတွက် တပ်ဖွဲ့ဝင်များ ကို အရန်သင့်ဖွဲ့စည်းထား ရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
Subscribe to