ငါးသိုင်းချောင်း၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့‌နေ့အကြို အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ငါးသိုင်းချောင်း စက်တင်ဘာ  ၂၃

(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်သန့်ဇင်မောင် ဦးဆောင်သော နယ်မြေရဲ တပ်ဖွဲ့ဝင် အင်အား(၂၀)ဦးတို့စုပေါင်း၍ ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့ ကျက်သရေဆောင် အနန္တဂုဏလောကမာရဇိန် စေတီတော်ရင်ပြင်တော်နှင့်ဘုရား တန်‌‌ဆောင်း ပတ်ဝန်းကျင်တွင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)