လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကာလ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေး
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် များအား မွန်းတည့် ၁၂ နာရီနောက်ပိုင်း ရောင်းချခြင်း ရှိ/မရှိ ပထမအကြိမ် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရှောင်တခင် စစ်ဆေးကြသည်။