ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအရှိန် အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား နိုင်ငံတော်က ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်နေ ကြသည့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်း တာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန် နေ့ နံနက် ၁၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ)ခန်းမ၌ ကျင်းပသည်။

ပုဇွန်တောင်မြို့နယ် Quarantine Centre နှင့် အသွားအလာကန်သတ်ထားသော lockdown နေရာများမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ လာရောက်သိမ်းဆည်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ထားရှိနိုင်ရန် Quarantine Centre များကို ဖွင့်လှစ်ခဲ့ပြီးအဆိုပါ Quarantine Centreများမှ ထွက်ရှိသော အမှိုက်များနှင့် မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားသော lockdown နေရာများမှ ထွက်သော စွန့်ပစ်အမှိုက်များကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းက အမှိုက်ကားဖြင့် လာရောက် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် စွမ်းအားမြှင့်မီးဖို သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မော်မာကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စွမ်းအားမြှင့် မီးဖို သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးခြင်းကို Social Distancing နှင့်အညီကွင်းဆင်း ဆောင်ရွက်ခဲ့ရာ မော်မာကျေးရွာနေ ပြည်သူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာစီမံကိန်းကော်မတီအား ရန်ပုံငွေပေးအပ်

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန (CCC)တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေပေးအပ်ခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း က ပြုလုပ်သည်။

မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ထိတွေ့ထားသူ (၁၀၁)ဦးအား Facility Quarantine ဆောင်ရွက်ထားရှိ

မင်းတပ်မြို့တွင် ပိုးတွေ့လူနာသုံးဦးနှင့် ထိတွေ့ဆက်စပ်ထားသူ(၁၀၁) ဦးအား ယမန်နေ့ မှစတင်၍ Facility Quarantine Centre (၄) ခုတွင် ထားရှိထားကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်၌ အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ စေတနာရှင် ပြည်သူ များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် လူဝင်လူထွက် စောင့်ကြပ် ကြည့်ရှု စစ်ဆေးခြင်းတို့ကို ကုန်စည် စီးဆင်းမှု မပြတ်လပ်စေရန် ယနေ့ နံနက် (၇)နာရီ မှစတင်၍ အမှတ်(၅)ရပ်ကွက် မြို့ဝင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက်(၁၁)နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို တာဝန်ရှိသူတို့မှ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ကျိုက်လတ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီက ဈေးများအား အသိပညာပေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီခန့်ကစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးများအား ပညာပေး စစ်ဆေး ခဲ့ကြသည်။

တွံတေး၌Community Based Facility Quarantine Centre(၃) ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊တွံတေးမြို့နယ်အတွင်း  ပြည်တွင်း၊ပြည်ပ မှပြန်လည် ရောက်ရှိ လာသူများအား ပြည်သူ့ဆေးရုံရှိလူနာစောင့်များထားရှိရာ အဆောင် (၂၄)ဦးဆံ့ Community Based Facility Quarantine Centre၊အစိဏ္ဏကံတန်ဆောင်း၊ ရှမ်းတန်ဆောင်းတို့တွင် (၃၄)ဦးဆံ၊ Community Based Facility Quarantine Centre နှင့်ခတ္ထိယကျေး ရွာအုပ်စု၊ ခတ္ထိယကျေးရွာရှိ ခတ္ထိယတိုက်နယ်ဆေးရုံ ဟောင်းတွင် (၁၀)ဦးဆံ့ Community Based Facility  Quarantine Centre၊ အ.ထ.က (၂)တို့တွင်(၁၀၀) ဆံစုစုပေါင်း Centre(၄)ခုဖွင့်လှစ်ထားခဲ့ကြောင်းသိရသည်။
Subscribe to