မရမ်းကုန်းမြို့နယ် Quarantine Centre သို့ စားသောက်ကုန်များ လာရောက်လှူဒါန်း

မရမ်းကုန်း စက်တင်ဘာ ၂၃

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ်ဆောင်ရွက်ထားရှိသည့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထက()ကျောင်းရှိ Quarantine Center သို့ ယမန်နေ့နံနက် ၁၀:၀၀နာရီအချိန်က စားသောက်ကုန်များ လာရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါ စားသောက်ကုန်များအား အလှူရှင်များ ကိုယ်စားမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌတို့က ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ကော်မတီမှ တာဝန်ရှိသူများ လက်ခံခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)