နာဂဒေသ၊ လဟယ်မြို့တွင် စောင့်ကြည့်လူ(၁၂)ဦး၏ အာခေါင်၊နှာခေါင်းတို့ပတ်အား မန္တလေးပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ယနေ့နံနက် ၅ နာရီအချိန်က စောင့်ကြည့်လူ (၁၂)ဦး ၏ အာခေါင်၊ နှာခေါင်းတို့ဖတ်(Swab)နမူနာများကို ရယူပြီး နံနက် ၈ နာရီခွဲအချိန်တွင် လဟယ်မြို့မှ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံသို့ ပေးပို့ပြီး ဟုမ္မလင်းမြို့မှ မန္တလေးမြို့သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

တမူးမြို့တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် စျေးတန်းရပ်ကွက်အတွင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စျေးတန်း(၉)ရပ်ကွက်နှင့် (၁၀)ရပ်ကွက်တို့တွင် ယမန်နေ့ ည(၉)နာရီအချိန်မှ (၁၂)နာရီ အချိန်အတွင်း မိုးသည်းထန်စွာ ရွာသွင်းမှုကြောင့် နေအိမ်အချို့ ရေနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၉နာရီ အချိန် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရွှေဘိုခရိုင်ရေဦးမြို့နယ်တွင် ပိုးတွေ့ဒေသမှ ပြန်လာသူ ၁၃ ဦးအား Quarantine Center တွင်ထား၍ တတိယအကြိမ်အဖြစ် ဓာတ်ခွဲစစ်ဆေးနိုင်ရန်( Swab ) ရယူပေးပို့

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်း၍ ပိုးတွေ့ ဒေသမှပြန်လာသူ ၁၃ ဦးအား Community Base Facility Quarantine တွင်ထားရှိပြီး

ရန်ကုန်တိုင်းဒေသကြီးမှ ငွေဆောင်မြို့သို့ ပြန်လည်ရောက်ရှိလာသူအား Facility Quarantine Centre သို့ပို့ဆောင်

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ပြန်လည် ဝင်ရောက်လာသူ(၁)ဦးအား ငွေဆောင်မြို့ဝင်ဂိတ်မှ အထက ငွေဆောင်ကျောင်းရှိ Facility Quarantine Centre တွင် ယနေ့နံနက်ပိုင်းက ထားရှိပြီးကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ရပ်ကျေးစာရေးဝန်ထမ်းများအား အစိုးရထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ရပ်ကျေးစာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးဈေးကြီးအတွင်း ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း သို့ လာရောက် သည့် ဈေးရောင်း၊ဈေးဝယ်သူများအား ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေနံနက် (၇)နာရီခန့် က ဆောင်ရွက်လျက်ခဲ့သည်။

ထန်းတပင်မြို့၌ မြို့ဝင် မြို့ထွက်နေရာများရှိ စစ်ဆေးရေးဂိတ်များတွင် နေ့ ညမပြတ် စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်  အတွင်းသို့  ကိုဗစ် -၁၉  ကာလအတွင်း ဝင်ရောက် လာသည့် မော်တော်ယာဉ်နှင့် လူပုဂ္ဂိုလ်များအား နေ့စဉ်/ညစဉ် စစ်ဆေး ဆောင်ရွက် ရန် မြို့သို့ဝင်ရောက်လာသည့် နေရာများ၌ စစ်ဆေးရေးဂိတ်(၂) ဂိတ်ထားရှိကာ မြို့နယ် ကိုဗစ် -၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့တွင် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှ နှာခေါင်းစည်းMaskများ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပေး နှိုးဆော်မှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံမှု အန္တရာယ်မှကင်းဝေးစေရန် နှာခေါင်းစည်းMaskများ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပေး နှိုးဆော်မှုများကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးနှင့်ဗိုလ်ချုပ်လမ်း တစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝန်းသိုမြို့နယ် တေဇကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းငွေကျပ် (၄၀၂) သိန်း ပြန်လည် ထုတ်ချေးခြင်းနှင့် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် တေဇကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း၌ ယမန်နေ့က (မကျည်းကုန်း+တေဇ) မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ်ရွာပေါင်း တစ်ယူနှစ်အတွက် စတုတ္ထနှစ်စက်ဝန်းလည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးခြင်းနှင့် ရွှေ့လျားဝန်ဆောင်မှုလုပ်ငန်း များကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to