လဲချား စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို မြို့နယ်အတွင်း ရှိကျေးရွာ (၂၃)ယူနစ်မှ အကျိုးပြုကျေးရွာ (၃၃) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲ (၁)နာရီအချိန်ခန့် က ဟိုနောင်အွမ်ကျေးရွာမှ အသင်းဝင် (၈၀)ဦးအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေကို ကွင်းဆင်းထုတ်ချေးပေးခဲ့သည်။
ထိုသို့ ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်မည့်အသင်းဝင် (၈၀)ဦးတို့အတွက် ချေးငွေပေါင်း (၄၃၇)သိန်း (၅)သောင်းကို ရန်ပုံငွေများတိုးတက်လာစေရေး အတွက် ယင်းကျေးရွာမှ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)