၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ လုံခြုံ ချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ လုံခြုံချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။