နတ်မောက် စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးဈေးအတွင်း စားသောက်ကုန် များအား ဘေးအန္တရာယ်ကင်းရှင်းရေး Mobile Lab Van ယာဉ်ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်ခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသိန်းစိုး၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့်အတူ ဈေးအတွင်းရောင်းချနေသည့် ပဲပြား၊ မုန့်ဖက်၊ ဆန်ကြာဇံ(ရွှေမိုးမင်း)၊ မုန့်ဟင်းခါးခြောက်(ရွှေကြက်ဖ)၊ မျှင်ငပိ(မြင့်)၊ ခေါက်ဆွဲ(မြှားသုံးစင်း)၊ ဆား၊ လက်ဖက်(ရွှေထီး)၊ ရေချိုငပိ(စိန်ကား)၊ ငါးမုန့်ခြောက်(သစ်မင်း)၊ မာလာဟင်း(စီချွမ်း) စသည့် အမှတ် တံဆိပ်ပါ စားသောက်ကုန်များကို နမူနာယူ၍ မြို့မစည်ပင်သာယာရေး ဈေးအရှေ့ဘက်တွင် Mobile Lab Van ယာဉ်ဖြင့်ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြိုးအိအိဇော် (နတ်မောက်)