ရွှေသောင်ယံမြို့ ရပ်ကွက်(၁)နှင့် သဘော့ကန်ကျေးရွာအုပ်စုအတွင်းရှိ ဖုန်းဆိုးကျေးရွာသို့ ဆန်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်း

ရွှေသောင်ယံ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စုအတွင်း အိမ်‌‌ခြေ(၃၉)လုံးရှိ ဖုန်းဆိုး ကျေးရွာအတွက် ရွှေသောင်ယံမြို့ LAI LAI ဟိုတယ်၊ Believe One Resorts နှင့် အခြားသော အလှူရှင်များက လှူဒါန်းသော ဆန်အိတ်(၂၀)နှင့် ရွှေသောင်ယံမြို့ အမှတ်()ရပ်ကွက်အတွင်း အိမ်ခြေ(၂၅)လုံးရှိသော ကင်ပွန်းခြုံကျေးရွာအတွက် ဆန်()အိတ်နှင့် ဆီ၊ ဆား၊ ကြက်သွန်၊ ငရုပ် စသော စားသောက်ကုန်များကို ယမန်နေ့ညနေ()နာရီခန့်က လှူဒန်းပေးအပ် ခဲ့ကြသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အမှတ်()ရပ်ကွက် သုဂတိလူမှုကူညီရေး အသင်းအဖွဲ့ဝင်များက နေအိမ်အရောက် သွားရောက်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း စားဝတ်နေရေး  အခက်အခဲများကို ထိုက်သင့်လောက် ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အလှူရှင်များက ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး အလှူရှင်များကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ယခု ကဲ့သို့ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ကိုကိုမောင် (ပြန်/ဆက်)