ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ စည်ပင်သာယာဈေးများနှင့် မြို့လယ်လမ်းဆုံတို့တွင် Mask Campaign ပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီမှစတင်ကာ မြို့မစည်ပင်သာယာဈေး၊ တမ္ပဝတီဈေးသစ်နှင့် မြို့လယ်လမ်းဆုံများတွင် Mask Campaign ပြုလုပ်ခဲ့ကြသည်။