ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) လုပ်ငန်းများ ဆောင်ရွက်မည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထု ဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) တွင် အကောင်အထည်ဖော်‌ဆောင်ရွက်မည့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Grade-4 စတုတ္ထတန်း သင်ရိုးသစ်သင်ကြားမှုဆိုင်ရာ သင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Grade-4 စတုတ္ထတန်းသင်ရိုးသစ် သင်ကြားမှုဆိုင်ရာ သင်တန်းကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့က စတင်ကာ မြောက်ပိုင်းရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

ရေနံချောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ၌ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP) ဆောင်ရွက်မည်

နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စီပွားရေးကုစားမှု အစီအစဉ်ဖြင့် မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာ ၁၀ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများအား အရှိန်အဟုန်မြှင့် ကွင်းဆင်းပြုလုပ်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည့်စုံသော အခြေခံ မဲဆန္ဒရှင်စာရင်း ရရှိစေရန်နှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မြန်ဆန်စွာရရှိစေရေးအတွက်

ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းနှင့် (VRFP) ကျေးရွာမတည်စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြုလုပ်သော Cash For Work စီမံကိန်းနှင့် (VRFP) ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်များအတွက် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ ပုသိမ်မြိူ့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်နှင့် ဝန်ထမ်းများ၊ ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ကျေးလက်မှကော်မတီဝင်များ တက်ရောက်ခဲ့ကြ သည်။

ကြာအင်းဆိပ်ကြီးမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းမှုကြောင့် ချောင်းရေဆန်လျှံကာ မြေနိမ့်ပိုင်းရှိ လူနေအိမ်များတွင်ရေများဝင်ရောက်ခြင်းနှင့် မော်တော်ကား လမ်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၂) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား) တို့ ပူးပေါင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဝိုင်းမော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ခန်းမ၌ ကျင်းပခဲ့သည်။

ဆမီးမြို့၌ ကော်ဖီပင်စိုက်ပျိုးရေးနည်းပညာသင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဆမီးမြို့တွင် ဒေသခံတောင်သူများအနေဖြင့် ရွှေ့ပြောင်းတောင်ယာစနစ် အစားထိုး ကော်ဖီပင်စိုက်ပျိုးရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မန္တလေး-သပိတ်ကျင်းကားလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ထပ်မံစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး-သပိတ်ကျင်းကားလမ်း၊ မြို့အဝင်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လယ်က တာဝန်ရှိသူများမှ လာရောက်ကွင်းဆင်းထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to