လှိုင်းဘွဲ အောက်တိုဘာ ၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေချိန်အတွင်း မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုခြင်း၊ ဈေးဝယ်သူများအား ဈေးအဝင်/ အထွက်များတွင် ထားရှိသည့် လက်ဆေးဘေစင်များတွင် လက်များအား သန့်စင်စေခြင်း၊ ဈေးအတွင်းသို့ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ ဈေးဝယ်ယူစေခြင်းများကို ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ တို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)