ပေါင်းတည်မြို့တွင် ရပ်ကွက်/ကျေးရွာရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ

ပေါင်းတည် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ  ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ရက်နေ့မှစ၍ ဒုတိယအကြိမ် မဲစာရင်း ကပ်ထား ကြေညာခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူ မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၄ အုပ်စုတို့မှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှုရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် အောက်တို ဘာ ၁ ရက်နေ့မှ စတင်၍ ဒုတိယအကြိမ်အနေဖြင့် ထပ်မံကပ်ထားကြေညာခဲ့ရာ မဲဆန္ဒပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။

ပေါင်းတည်မြို့နယ်တွင် မဲရုံပေါင်း ၁၂၆ ရုံ မဲဆန္ဒရှင် ပြည်သူပေါင်း (၁၁၀,၇၄၄) ဦး ရှိကြောင်း မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းညွန့်ထံမှ သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)