လိုင်လင်းပီမြို့၌ အသက် (၈၀) မှ (၈၅) နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက်(၈၀)မှ (၈၅)နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည် ရောက်ရှိလာသည့် ဆရာ၊ ဆရာမများအား အသွားအလာကန့်သတ်ထားရှိ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အလက(တပ်တွင်း)၊ အလက-ခွဲ(မုန်းလိုက်)နှင့် အမက(ယမ်းခမ်း)ကျောင်း Quarantine Center များတွင် အသွားအလာကန့်သတ်မှု ၁၄ ရက် ထားရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ Online စာအုပ်မိတ်ဆက်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Page မှ Online စာအုပ်မိတ်ဆက် အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ကလေးစာဖတ်ခန်းတွင် ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားတဲ့ အလုပ်ဆိုတာအင်အားပါ စာအုပ်မှ အိုသော်လည်းအပယ်မခံရအောင် အလုပ်ကိုဇွဲခတ်၍လုပ်ပါ ဆောင်းပါးအား စာအုပ်မိတ်ဆက်ဆွေးနွေးပြောကြားခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယ အကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားကြောင်း သိရသည်။

ပန်းတနော်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ဝေသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယနေ့နံနက်၉ နာရီကစတင်၍ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများထံသို့ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ(၁၄)ရပ်ကွက်ဓမ္မာရုံနှင့် အ.မ.က(၁၂)ကျောင်းတွင်ကိုဗစ်-၁၉  ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများအား စတင်ထားရှိ

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများသာ သီးသန့်ထားရှိသည့် Quarantine Centre(၁၂)ခု၊ အနံ့မရသူများသာ သီးသန့်ထားရှိသည့် Quarantine Centre(၃)ခု ဖွင့်လှစ်ခဲ့ပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက် နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

မူဆယ်မြို့ခရိုင်၊ မူဆယ်မြို့နှင့် မြို့အသီးသီး၌ အထူးရဲသင်တန်းပို့ချ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကာလမဲရုံများတွင် လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲသင်တန်းဖွင့်လှစ်ပို့ချခြင်းကို မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့နှင့် မုံးကိုးမြို့တို့တွင် ‌အောက်တိုဘာ (၁)ရက်နေ့မှ စတင်ပြီး အသီးသီးဖွင့်လှစ်ပို့ချလျက်ရှိသည်။

ဟိုပင်၌ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် ၈၀ နှစ် နှင့် ၈၅ နှစ်အောက် သက်ကြီးဘိုးဘွားများအတွက် ပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြကြောင်းသိရသည်။
Subscribe to