အိမ်မဲပြည်သူ့ဆေးရုံအတွင်းရှိ (၂)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ ပြည်သူ့ဆေးရုံအတွင်း (၂)ခန်းတွဲ(၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ချီဖွေမြို့တွင်း လမ်းမီးများ တိုးချဲ့ ထွန်းလင်းနိုင်ရေးအတွက် အလှူငွေများ လာရောက်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြို့တွင်းလမ်းမီးများ တိုးချဲ့ထွန်းလင်းနိုင်ရေး (Solar) လမ်းမီးတိုင်များ ဝယ်ယူတပ်ဆင်နိုင်ရန် အတွက် နန်းဦးချီဖွေငယ် ရေးအားလျှပ်စစ် စက်ရုံမှ ငွေကျပ်သိန်း (၁၀၀) လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၃) နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်အတွင်း အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးဆွေးနွေး

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ မြိတ်ခရိုင်နှင့်မြို့နယ်များ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများသည် ဩဂုတ်လ( ၅) ရက် နေ့လယ်ပိုင်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ဆွေးနွေးခဲ့ကြသည်။

ပုလောမြို့၌ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင် ပြသ

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများ အလွယ်တကူ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းတည့် (၁၂) နာရီက အသိပညာပေး ပြသဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပရဟိတလူငယ်အဖွဲ့များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာများ ဒုတိယအကြိမ် ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပရဟိတလူငယ်အဖွဲ့များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို ဩဂုတ် (၆) ရက်နေ့ နံနက် (၉) နာရီက မြို့မစည်ပင်သာယာဈေးကြီး လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ဘားအံခရိုင်၊ ပိုင်ကျုံတံတား အကြီးစားပြင်ဆင်မှုလုပ်ငန်းများ (၈၀) ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစား ပြင်ဆင်မှုလုပ်ငန်းများကို ဇွန်လ (၂၄) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုဩဂုတ်လ (၆) ရက်နေ့တွင် (၈၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တံတားကြီးပြင်ဆင်မှုလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်လျက်ရှိသော ဦးရဲမြင့်ထွန်းထံမှ သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့် စာအုပ်စာစောင်များလှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိ စေရန်နှင့် အားလပ်ချိန်တွင် စာအုပ်စာပေဖတ်ရှုတတ်သည့်အလေ့အကျင့်ရှိ စေရန်ရည်ရွယ်ပြီး ချမ်းမြေ့စာရေးကိရိယာပစ္စည်းဆိုင်မှ ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ Maskများနှင့် သုတ/ရသစာအုပ်စာစောင်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် အာဖရိကအပြင်းဖျားဝက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်စေရေး စစ်ဆေးဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် နေထိုင်သည့်ပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်စွာဝယ်ယူစားသုံးနိုင်စေရေး အတွက် မြို့မစျေးအတွင်း၌ အသားငါးစစ်ဆေးမှုများအား ယမန်နေ့ နံနက်(၇)နာရီအချိန်တွင် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် စံတုံနောက်အင်းကျေးရွာတွင် Cash for work စီမံကိန်းဖြင့် ဆိုင်ကယ်လမ်း (၃/ဝ)မိုင် ဖောက်လုပ်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

လဟယ်  သြဂုတ်  ၆

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for work စီမံကိန်းအနေဖြင့် ကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စံတုံနောက်အင်းကျေးရွာတွင် တောင်ယာလမ်း (၃/ဝ)မိုင်အား ဆိုင်ကယ်လမ်း‌အဖြစ် လမ်းအကျယ်(၆)ပေ အကျယ်ဖောက်လုပ်ခြင်းလုပ်ငန်းကို ဩဂုတ်လ (၁)ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးမှု အနေဖြင့် (၇၀)ရာခိုင်နှုန်း ပြီးစီးကြောင်း သိရသည်။

ဝက်လက်မြို့နယ်၌ မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ပတ်သက်၍ သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ပတ်သက်သော သင်တန်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့မစခန်းတွင် ကျင်းပပြုလုပ်သည်။
Subscribe to