ဝန်းသိုမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစားဆရာကြီး၊ဆရာမကြီး (၁၁၅ )ဦးကို အိမ်တိုင်ရာရောက် လိုက်လ ပူဇော်ကန်တော့
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် အောက်တိုဘာလ(၅)ရက်နေ့ ကမ္ဘာ့ ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစားဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ ယနေ့ ကမ္ဘာ့ဆရာများနေ့တွင် တာဝန်ရှိသူများက ဆရာကြီး၊ ဆရာမ ကြီးများ၏ အိမ်တိုင်ရာရောက်သွားရောက်၍ လိုက်လံပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။