မိုင်းခတ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်း စာစောင်များနှင့် ပိုစတာများဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေ​ပြီး လူစည်ကားရာ နေရာများတွင် ပိုစတာများ ကပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြကြောင်းသိရသည်။

တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၀၀၀၀)ကျော်ရှိ

ခါမ်းပါတ် ၊ သြဂုတ် ၆

၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ ( ၈ ) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ခါမ်းပါတ်မြို့ပေါ်(၅) ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၈)အုပ်စုတို့တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၀၀၀၀)ကျော်ရှိကြောင်း သိရသည်။

"ခါမ်းပါတ်တစ်နယ်လုံးအတွက် မဲရုံပေါင်း(၂၄)ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၈၅၉၉)ဦးရှိပါမယ်"ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးရမ်ဇမန်း ထံမှသိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ် အသိပညာပေးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့်ပြည်သူတစ်ရပ်လုံး ရရှိခံစား သင့်သောအခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများ

ခင်ဦးမြို့နယ်တွင် မိုးစပါးလျာထားဧက တစ်သိန်းကျော်ပြည့်မီရေးစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခု၊ မိုးစပါးလျာထားဧက (၁၀၀၈၈၄) လျာထားရာ မိုးစပါးစိုက်ပျိုးဧက ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများမှ ရေလိုအပ်ချက်နည်းသော စပါးစိုက်နည်းစနစ် များကို တောင်သူများနှင့်အတူ နယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ကျိုက်မ​ရောတွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်​ရေမြင့်တက်​လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိနေအိမ်များ​​သို့ ရေဝင်​​ရောက်

မွန်ပြည်နယ်၊ ကျိုက်မ​​ရောမြို့နယ်တွင် သြဂုတ်လ ၃ ရက်မှ ၆ ရက်​နေ့ထိ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှု​ကြောင့် အတ္တရံမြစ်​ရေတိုးလာသဖြင့် ကျိုက်မ​ရောမြို့​ပေါ်ရှိ ရှင်​စောပုရပ်ကွက် ထုံးဘိုပိုင်းရှိ​နေအိမ်များအတွင်းသို့ မြစ်​ရေများ စတင်​ဝင်​ရောက်လျက်ရှိ​ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေပေးအပ်ပွဲနှင့် Cash For Work စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် ကျေးလက်ဒေသများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်၍ လုပ်အားခထောက်ပံ့ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် Cash For Work စီမံကိန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်သောသွင်းအားစုနှင့် ငွေကြေးအရင်းအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။

ကျောက်မဲမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ကိုဇော်ခေတ္တနှင့် စေတနာရှင်များမှ နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ထောက် အကူပြု ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မောက်မယ်၌(VRFP) စီမံကိန်းရန်ပုံငွေများ ဒေသခံပြည်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊မောက်မယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဉီးစီးဌာနမှ ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Village Revolving Fund Project စီမံကိန်းဖြင့်ဆောင်ရွက်သောဒေသခံပြည်သူများအား ရန်ပုံငွေ ထုတ်ချေးပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀နာရီကမောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာ အုပ်စု ၊ ထီတခေါ့ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ထန်းတပင်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် အခြေခံ မဲဆန္ဒရှင် စာရင်းများပိုမိုပြည့်စုံမှန်ကန်စေရေးအတွက်
Subscribe to