ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်းနှင့် တိုက်ခြင်းလုပ်ငန်းများအား ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။