ဝမ်စိမ်းကျေးရွာအုပ်စုရှိ ဘဝသစ်အားမာန် မျက်မမြင်ကျောင်းသို့ စားသောက်ကုန်များ သွားရောက် လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့ ၊ ဝမ်စိမ်းကျေးရွာအုပ်စုရှိ ဘဝသစ်အားမာန် မျက်မမြင်ကျောင်းသို့ တစ်ပိုင်တစ်နိုင် ရိက္ခာဖူလုံရေးအတွက် အခြေခံစားသောက်ကုန်များ သွားရောက် လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က သွားရောက်လှူဒါန်းပေးခဲ့သည်။

မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ လက်ကမ်းစာစောင်နှင့်ပိုစတာများ ဖြန့်ဝေ

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုင်းရယ်မြို့ရှိ စျေးများ၊ မြို့လယ်ဘုရားအဝိုင်း၊ မြို့ပေါ်ရပ်ကွက်များတွင် လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့ နံနက် (၇)နာရီက ဖြန့်ဝေပေးခဲ့‌‌သည်။

ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူသုံးဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၆) နာရီအချိန်က နေရပ်ပြန်ပြည်သူ(၃)ဉီးအား ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

တန့်ယန်းမြို့နယ်တွင် နှာခေါင်းစည်းနှင့် အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ဝိုင်းဝန်း၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြရာ ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ယာယီပျံ ကျစျေးတွင် နှာခေါင်း စည်း၊ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ယ‌နေ့ နံနက် ၈ နာရီခွဲက ရပ်ကွက်/ကျေးရွာများမှ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများအား Covid-19 ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ အဝင်/အထွက် ပူးပေါင်း စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်တွင် ခရီးသွားပြည်သူများ၊ဒေသခံပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အ ဟုန် မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များက နေ့စဉ်တာဝန်ကျဝန်ထမ်းများ တာ၀န် ထမ်းဆောင် နေမှုကို သွားရောက် ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။

နောင်မွန်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကမ်းပါးပြိုကျမှုနှင့် သစ်ပင်များ လဲကျမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နှင့် မိုင်(၂၀)ကျော်အကွာ ပူတာအို-မချမ်းဘော့-နောင်မွန် ကားလမ်းဘေးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက မြေကမ်းပါးပြိုကျပြီး သစ်ပင်များလဲကျခဲ့သည်။

ကျောက်မဲမြို့နယ်တွင် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ကိုဗစ်-၁၉ ပိုးရှိ/မရှိ Rapid test kit ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယာဉ်နောက်လိုက် တစ်ဦး ပိုးတွေ့

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ပိုးရှိ/မရှိ Rapid test kit ဖြင့် အောက်တိုဘာ ၃ ရက်ကစ၍ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ စစ်ဆေးရေးဂိတ် (Check Point -2 )အနီးတွင် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ယာဉ်နောက်လိုက် တစ်ဦး ထံမှ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။

​​​​​​​ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများအား ဆေးကုသမှုဆောင်ရွက်ရန် ယာယီဆေးရုံ ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများ ဆေးကုသမှုဆောင်ရွက်ရန် ယာယီဆေးရုံ ကြိုတင်ပြင်ဆင်မှုများအား ယမန်နေ့က စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မဟာဓါတ်အားလိုင်းပြင်ပ ဆိုလာမီးဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အောက်တို ဘာလ ၄ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
Subscribe to