ကလိန်အောင်မြို့၌ (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသ
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်းကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်နိုင်စေနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးစာစောင်များကို ပြသခဲ့သည်။