ကြံခင်းမြို့နယ် ပညာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြနိုင်ရန် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မြို့နယ်ပညာရေးဝန်ထမ်းများ စုပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။