တမူးမြို့ တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တမူးမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က တမူးမြို့ဝင် နန်းမြင့်ဟန် တံတားအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရေကြည်မြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများ စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ရေကြည် မြို့မဈေးအတွင်း၌ အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများ စိုက်ထူခဲ့သည်။

မအူပင်မြို့နယ်၌ သောင်တန်းကျေးရွာတွင် မြစ်ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၀)လုံးအတွက် ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ခိုင်ခန့်မှုအားနည်းသဖြင့် မြစ်ကမ်းနှင့်နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် နေအိမ်(၁၀)လုံး၊ အိမ်ထောင်စု (၁၀)စု လူဦးရေ(၃၆)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက သောင်တန်းကျေးရွာဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုးရကျေးရွာတို့တွင် Covid-19 Economic Relief Plan ဖြင့် မျိုးစေ့ထုတ် ဧက (၁၀၅) ကို စတင်စိုက်ပျိုး

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ်အတွင်းရှိ ၊ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုး ရကျေးရွာတို့တွင် Covid-19 Economic Relief Plan ဖြင့် ပျိုးစေ့ထုတ် ဧက (၁၀၅) စိုက်ပျိုး သွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်း တောင်သူဦးမျိုးနိုင်၏ လယ် (၈) ဧကကို စတင်စိုက်ပျိုးနေပြီ ဖြစ်ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင်၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချခြင်းကို ယနေ့နံနက် (၈) နာရီ (၄၅) မိနစ်အချိန်က အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ပို့ချခဲ့ကြောင်း သိရပါ သည်။

ခိုင်ကမ်းမြို့တွင် အခြေခံငါးမွေးမြူရေးပညာပေးသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ပြည်နယ်အတွင်း ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်ပြီး အခြေခံငါးမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၈ နာရီက ပြည်နယ်ငါးလုပ်ငန်းစခန်း (ခိုင်ကမ်း)၌ ဖွင့်လှစ်ခဲ့သည်။

တန့်ဆည်မြို့ စည်ပင်သာယာဈေး အမှတ်(၁)နှင့် အမှတ်(၂)ဈေးတို့တွင် ပလပ်စတစ် အသုံး လျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ပလပ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှု လျော့ချနိုင်ရေးနှင့် သုံးစွဲမှုမပြုရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်း (၇) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာဈရေးကော်မတီက အမှတ်(၁)နှင့် အမှတ်(၂)ဈေး တို့တွင် ဖြန့်ဝေပေးခဲ့သည်။

တနိုင်းမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၇၃၅၂)စုအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အခက်အခဲမရှိစေရေး အတွက် အခြေခံစားသောက်ကုန်ပစ္စည်(၅)မျိုး ထောက်ပံ့ပေးအပ်ပေးအပ်ခဲ့ပြီးဖြစ်ရာ အကြောင်း မျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၅,၀၀၀)နှုန်းဖြင့် ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၄၇,၀၄၀,၀၀ဝိ/-)သိန်းကို အိမ်ထောင်စု (၇၃၅၂)စုအား ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဒလမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ၂၀၂၀ခုနှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ် ပညာပေး

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် အမှတ်(၅၉)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ မြို့လယ်ကောင် နာရီစင်အဝိုင်းတွင် ၂၀၂၀ ခုနှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ်နှင့် ပတ်သက်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းနှင်သူများကို အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to