မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ တိုင်းကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအဝေးပြေးကုန်တင် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းအသင်းတို့ ပူးပေါင်း၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်- ၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးပေးလျက်ရှိသည့်နေရာသို့ သွားရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ဝင်/ထွက်ရာတွင် ကုန်စည်စီးဆင်းမှု မရပ်တန့်စေရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မရမ်းကုန်း မြို့နယ် MCC ခန်းမ၌ တိုင်းကျန်းမာရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအဝေးပြေးကုန်တင်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းအသင်းတို့ ပူးပေါင်း၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား

ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စုတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယမန်နေ့က ပိုးပလေကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ပေးထားကြောင်း သိရှိရသည်။

ပုသိမ်မြို့နယ်အတွင်း (Stay at Home) ညွှန်ကြားချက်အတိုင်း ပြည်သူများ လိုက်နာ ဆောင်ရွက်မှုရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (Stay at Home) ညွှန်ကြားချက်အရ မြို့နယ်အတွင်း အကြောင်းမဲ့ ပြင်ပသွားလာမှုမရှိစေရေး၊ အရေးပေါ် အခြေအနေ ကိစ္စရပ်အပ မြို့နယ်ကျော်သွားလာခြင်းများ မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ယာဉ်ထိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးနေ

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသောကြောင့် ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်အား ခေတ္တယာယီပိတ်ထားစဉ် ကာလအတွင်း စာဖတ်ပရိ သတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှတဆင့် အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ထုတ်လွှင့်ပေး လျက်ရှိသည်။

မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂)ဦး စတင်တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အောက်တိုဘာ (၄)ရက် ယနေ့ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော အဖြေတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၂)ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။

လောက်ကိုင်မြို့နယ်တွင် စပါးစိုက်နည်းစနစ်(၄) မျိုးစမ်းသပ်စိုက်ခင်းအား တောင်သူပညာပေး ကွင်းပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးစိုက်နည်းစနစ်(၄) မျိုးစမ်းသပ် စိုက်ခင်းအား တောင်သူပညာပေး ကွင်းပြပွဲကို ယမန်နေ့ နံနက်က လောတုံကူးကျေးရွာ တောင်သူ ဦးရန်လောက်ဖာ၏ လယ်မြေတွင် ကျင်းပခဲ့သည်။

နွားထိုးကြီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်၉နာရီခွဲအချိန်က ထိုးနှံ၊တိုက်ကျွေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တာဝန်ထမ်းဆောင် နေသူများအား နှောင့်ယှက် ဖျက်ဆီးသူ(၄)ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၊မြို့ဝင်မြို့ထွက်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးအတွက် ဂိတ်များဖွင့်လှစ်ကာ ဌာနဆိုင်များအသီးသီး၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာမှတာဝန်ရှိသူများပါဝင်လျှက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိနေသည်။

ငါန်းဇွန်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာထားခြင်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို အောက်တိုဘာ ၁ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများတွင် ဒုတိယအကြိမ်ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

လဲချားတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်သည့်အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်သော အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို ယနေ့နံနက် ၈နာရီအချိန်တွင် မြို့မစျေးတွင် ဖြန့်ဝေခဲ့သည်။
Subscribe to