ကျေးသီးမြို့တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးများ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်

ကျေးသီး    အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့တွင်အသက်(၂) လမှ အသက်(၁)နှစ်ခွဲအထိ လစဉ်ပုံမှန်ကာကွယ်ဆေး၊ ဆေးထိုး/ဆေးတိုက်ခြင်းကို  မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဌာနတွင် ယနေ့နံနက်(၉)နာရီတွင်  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကလေးများအား  ပြင်းထန်တီဘီရောဂါ၊ အသည်းရောင် အသားဝါ၊ ပိုလီယို၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)စသည့် ကာကွယ်ဆေးများအား  အသက်ပိုင်းခြားအလိုက် ကလေးသူငယ်များကို ဆေးထိုး/ဆေးတိုက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းများကို လစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သဲစုပိုင်(ပြန်/ဆက်)